စလင်းမြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ခြင်းထိုးနှံခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ခြင်းထိုးနှံခြင်းဆောင်ရွက်



MNP - ဧပြီ   ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့်၊ ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့ ဧပြီလ ၆ရက် နံနက် ၉နာရီအချိန်က ပေါင်းနားရပ်ကွက် မင်းအာကာ ဘုရားတန်ဆောင်းအတွင်းနှင့် မြို့ပေါ်စုရပ်အသီးသီးတွင် ထိုးနှံခြင်း တိုက်ကျွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက စလင်းမြို့ပေါ် ရှစ်ရပ်ကွက်ရှိ မွေးကင်း စမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို စလင်းမြို့နယ် ကျန်းမာရေး ဌာနမှ ဆရာမဒေါ်ဇွန်လေးမွန်မှ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)စသည့် ကာကွယ်ဆေးများကို စလင်း မြို့နယ်အတွင်းရှိ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား တိုက်ကျွေးဆောင်ရွက်ခြင်းကို စလင်းမြို့ ပေါင်းနား ရပ်ကွက်ရှိ မင်းအာကာဘုရား တန်ဆောင်းအတွင်း၌ ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စလင်းမြို့ပေါ်ရှိ ရပ်ကွက်ရှစ်ရက်ကွက် အသီးသီးတို့တွင် နံနက်၉နာရီအချိန်မှ စတင်ကာ တစ်ပြိုင်နက်ထဲ ထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပေါင်းနားရပ်ကွက်နှင့် စာစီကျောင်းရပ်ကွက်တို့မှ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးစုစုပေါင်း(၆၅)ဦး လာရောက်ထိုးနှံကြကြောင်း ဆရာမဒေါ်ဇွန်လေးမွန်ထံမှသိရှိရသည်။

 သတင်း - မောင်လွင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)