MNP - ဧပြီ ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သန့်ရှင်းသာယာ လှပရေးနှင့် ပြည်သူများ လေကောင်း လေသန့်များရရှိပြီး အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ယနေ့နံနက်က မြို့နယ်အတွင်းရှိ အုတ်ဖုတ်လုပ်ငန်းများသို့ ကွင်းဆင်း၍ မီးခိုးမြူငွေနှင့် လေထုညစ်ညမ်းမှုအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဗညားအောင်နှင့် ဝန်ထမ်းများက အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင် ကြသည့် လုပ်သားများအား မီးခိုးမြူငွေ့ဆိုသည် တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူပျံ့နှံ့ရောက်ရှိနိုင်ပြီး သက်ရှိများအတွက် အသက်ရူ လမ်းကြောင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုများ ဖြစ်နိုင်ပွားနိုင်ကြောင်း၊ မီးခိုမြူငွေ့အန္တရာယ်ကြောင့် နောက်ဆက်တွဲ ဖြစ်ပွား လာနိုင်သည့် ပတ်ဝန်းကျင်ဆိုးကျိုးများကို ကာကွယ်ရန်တွက် မီးခိုမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်သည့်အခါ လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောခဲ့ကြသည်။ ရေးမြို့နယ်အတွင် နှစ်စဉ်အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သူ (၁၆) ဦးရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment