နမ့်ခမ်းမြို့၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အသင်းမှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ခမ်းမြို့၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အသင်းမှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကျင်းပ






MNP - ဧပြီ   ၂၈


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်သည့် ရှေဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ညနေ(၂)နာရီအချိန်က  အမှတ်(၃)ရပ်ကွက်၊ နောင်စန့်ရပ်ကွက် လူငယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲတွင် နမ့်ခမ်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးကြပ်ရေးဥက္ကဋ္ဌ ဦးစိုင်းမောင်စိန်က ရှေးဦးပြုစုခြင်းသင်တန်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားပြီး နမ့်ခမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကာလအတွင်း ရောဂါကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများအတွက် စွမ်းစွမ်းတမန် ပါဝင်ဆောင်ရွက်ခဲ့သည့် မြို့နယ်ကြက်ခြေနီ အမာခံတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက် သင်တန်းသား/သူများ၏ ကိုယ်စားသင်တန်းသားတစ်ဦးက သင်တန်းတက်ရောက်၍ ရှေးဦးပြုစုခြင်းအခြေခံပညာရပ်များကို စာတွေ့ လက်တွေ့ သင်ယူတက်မြောက်ပြီးသည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းနော်ခမ်းက ဖွင့်လှစ်ခဲ့သည့် သင်တန်းကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတွင် အဖက်ဖက်မှအားပေးကူညီသည့် လူပုဂ္ဂိုလ်များနှင့် လူမှုကူညီရေး အသင်းအဖွဲ့များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းကို ဧပြီလ (၂၅) ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး (၄) ရက်ကြာသင်တန်းဖွင့်လှစ် သင်ကြားပို့ချခဲ့ရာ သင်တန်းသား/သူ(၂၁)ဦးတို့မှ တက်ရောက်သင်ကြားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် စာတွေ့လက်တွေ့ဖြေဆိုပြီး ညနေပိုင်း(၂)နာရီ အချိန်တွင် သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။


သတင်း - ဆိုင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)