ကျိုက်ထိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဌမမြောက်နေ့အား အေးချမ်းစွာဆက်လက် ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဌမမြောက်နေ့အား အေးချမ်းစွာဆက်လက် ဖြေဆိုလျက်ရှိ






MNP ၊ ဧပြီ ၆

မွန်ပြည်နယ်၊ကျိုက်ထို မြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဌမ မြောက်နေ့ အဖြစ် ဇီဝဗေဒ  နှင့် ဘောဂဗေဒ ဘာသာရပ်များကို  ဧပြီ (၆)ရက် နံနက် ၉ နာရီက စတင်၍ စာစစ်ဌာန (၆)ခု ၌  အေးချမ်းစွာဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ယနေ့ ဖြေဆိုလျက်ရှိသည့် ဇီဝဗေဒ ဘာသာရပ်၌  စာရင်းရှိ ကျောင်းသား/သူ (၂၁၀)ဦးတွင် ဖြေဆိုသူ(၂၀၀)ဦးနှင့် ဘောဂဗေဒ ဘာသာရပ်၌  စာရင်းရှိကျောင်းသား/သူ  (၉၁၂)ဦးတွင် ဖြေဆိုသူ (၈၃၀)ဦး  ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရှိရသည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခုတွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် အတွက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ က ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို  ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)