မွန်ပြည်နယ်ဝန်ကြီးချုပ်၊ နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ ရောက်ရှိနေသည့် မိသားစုများအတွက် ထောက်ပံ့ ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ်၊ နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ ရောက်ရှိနေသည့် မိသားစုများအတွက် ထောက်ပံ့ ပစ္စည်းများပေးအပ်



MNP - ဧပြီ   ၃၀

မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ဂုံညှင်းတန်း တောရကျောင်းတွင် နယ်မြေဒေသ အခြေအနေအရ ရောက်ရှိနေသည့် မိသားစုဝင်များအား ထောက်ကံ့ပစ္စည်း ပေးအပ်ပွဲကို ယမန်နေ့က အဆိုပါ ကျောင်းတိုက်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဝန်ကြီးများက  ကမာဝက်မြို့၊ ဂုံညှင်းတန်းတောရ ကျောင်းတိုက်ဆရာတော်ကို ဖူးမြော်ကြည်ညိုပြီး၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကာသာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး အဆိုပါ ကျောင်းတိုက်တွင် နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ ရောက်ရှိနေသည့် မိသားစုများအတွက် ထောက်ပံပစ္စည်းများ ပေးအပ်ပွဲကျင်းပရာ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ပြည်သူများ၏  လိုလားချက်၊ လိုအပ်ချက်များအပေါ် အထူးအရေးပေး ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်ချက်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် ပြောကြားသည်။

ထိုနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဘုန်းတော်ကြီး ကျောင်း (၃) ကျောင်းသို့ ရောက်ရှိနေသည့် မိသားစုဝင်(၆၄)ဦး၊ နီးစပ်ရာဆွေမျိုးများ နေအိမ်၌ နေထိုင်သူ (၃၇၅) ဦးအတွက် ငွေကျပ်(၃၅)သိန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ စသည့်အမယ်(၅)မျိုး၊ အခြား စားနပ်ရိက္ခာများနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တစ်ဦးချင်းစီအတွက် ဆန် တစ်ပတ်စာ  (၂၁၀၀)ကျပ်နှုန်းဖြင့်  စုစုပေါင်း(၉၂၁၉၀၀)ကျပ်ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူခဲ့ပြီး လုံခြုံရေးအရ လာရောက် နေထိုင်သူမိသားစုဝင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက နယ်မြေလုံခြုံရေး အခြေအနေအရ ရောက်ရှိနေသည့် မိသားစုများကို  ရင်းရင်းနှီးနှီး တွေ့ဆုံအား ပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)