လားရှိုး၌ မြို့သာယာလှပရေးအတွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုး၌ မြို့သာယာလှပရေးအတွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်




MNP - ဧပြီ   ၂၆

လားရှိုးမြို့၊ မြို့သာယာလှပရေးအတွက် လမ်းမကြီးများတစ်လျှာက် လမ်းဘေးဝဲ/ယာ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀:၃၀)နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနက စက်ယန္တရားများဖြင့် ဆောင်ရွက်ခဲ့ပြီးလျှင် လားရှိုးမြို့ရှိဌာနဆိုင်ရာများ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ တပ်ကြပ်၊ စစ်သည်များပါဝင်ဆောင်ရွက်ခဲ့ကြသည်။ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော် ကြည့်ရှုအားပေးခဲ့သည်။

လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့်လည်း လားရှိုးမြို့တွင်းလမ်းမကြီးများတစ်လျှာက် လမ်းဘေး ဝဲ/ယာများတွင် အန္တရာယ်ရှိ သစ်ပင်သစ်ကိုင်းများကို နေ့စဉ်စက်ယန္တရား၊ လူအင်အားတို့ဖြင့် ရှင်းလင်းခုတ်ထွင်လျက်ရှိနေကြကြောင်းလည်းသိရသည်။

သတင်း - ဟန်‌ဌေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)