ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရေးအတွက်‌ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရေးအတွက်‌ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်



MNP - ဧပြီ   ၂၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည်ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး ငွေစာရင်းထိန်းသိမ်းနည်းပညာ ကျွမ်းကျင်မှု အရည် အသွေး မြင့်မားလာစေရန်အတွက် ရည်ရွယ်၍ သင်တန်းဖွင့်ပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၊ (Community Centre) ၌ ယမန်နေ့နံနက် (၁၁) နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ သင်တန်းဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဆန်းဝင်းနှင့် ခရိုင်ဦးစီးမှူး‌ ဒေါ်လှလှဌေး ၊ သင်တန်းဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဆန်းဝင်းက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် ယနေ့သင်တန်းဖွင့်ပွဲတွင် ဝန်ထမ်းများ ဘဏ္ဍာ‌ရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျသုံးစွဲနိုင်ရေးနှင့်ဆိုင်သော ငွေစာရင်းထိန်းသိမ်းနည်း၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ကျွမ်းကျင်မှု ရှိစေရန်တို့ကို ပြောကြားသည်။

အဆိုပါ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို စနေနှင့်တနင်္ဂနွေနေ့ (၂) ရက်တွင် နံနက် (၁၀) နာရီမှ ညနေ (၃) နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းအတွင်းရှိ ဝန်ထမ်း (၁၈) ဦး တက်ရောက်သင်ကြားလျက်ရှိ ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)