MNP - ဧပြီ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်း အနားကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က အဆိုပါ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ထွန်းထွန်းလှက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်လျှော် ဆပ်ပြာ၊ ရေချိုးဆပ်ပြာနှင့် လက်သန့်ဆေး ရည်ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်းနှင့် သင်တန်းမှ သင်ကြားပေးသော ဆပ်ပြာအမျိုးမျိုးပြုလုပ် နည်းများကို မိမိတို့ ဒေသအသီးသီးတွင် ပိုမိုကျွမ်းကျင် တတ်မြောက်အောင် လေ့လာကြိုးစား မှုတို့ဖြင့် ပေါင်းစပ်ပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လျက် မိသားစုအတွက် တစ်ဖက် တစ်လမ်းမှ ဝင်ငွေရရှိအောင် ဆောင်ရွက်နိုင်ကြစေလိုကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသူ၊ သင်တန်းသား(၂၅)ဦးတို့မှ လက်ခံရယူကြကြောင်း သိရသည်။
သတင်း - ခင်မျိုးဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment