တောင်သာမြို့၌ နွေရာသီ ပန်းချီသင်တန်း(အခမဲ့) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သာမြို့၌ နွေရာသီ ပန်းချီသင်တန်း(အခမဲ့) ဖွင့်လှစ်



MNP - ဧပြီ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ နွေရာသီကျောင်းသား/ကျောင်းသူများ  အားလပ်ချိန်တွင် အချိန်ကို  အကျိုးရှိစေရန်ရည်ရွယ်၍  ပန်းချီသင်တန်း(အခမဲ့) ဖွင့်လှစ်လျက်ရှိ ကြောင်းသိရသည်။

အဆိုပါ ပန်းချီသင်တန်းပို့ချဆောင်ရွက်လျက်ရှိရာ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်ကပြောကြားရာတွင် အခုလိုနွေရာသီ အားလပ်ရပ်များ၌ ကျောင်း သား/ကျောင်းသူများ အားလပ်ချိန်များတွင် အကျိုးရှိစေရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်၊ စိတ်ကူး စိတ်သန်းကောင်းများ ပေါ်ထွက်လာစေရန်၊ ပန်းချီရေးဆွဲခြင်းဖြင့် နှလုံးသားများနူးညံ့လာစေရန်နှင့် တက်ရောက်လာသောကျောင်းသား/ကျောင်းသူများ တစ်ဦးကိုတစ်ဦးရင်းနှီးခင်မင်မှု ရရှိစေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းသင်တန်းတွင်နည်းပြ ဦးတင်ဝင်းက ပန်းချီအခြေခံမှစတင်၍ ပို့ချဆောင်ရွက်ခြင်းဖြစ်ပြီး သင်တန်း ကို ဧပြီလ(၁၈)ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ နံနက်( ၉ )နာရီမှ (၁၁)နာရီအထိ နေ့စဉ် ပို့ချ ဆောင်ရွက်လျက်ရှိရာ သင်တန်းကာလမှာ (၁၃)ရက်ကြာ ဖွင့်လှစ်ပို့ချမှာဖြစ်ကြောင်း၊ အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်းနှင့် ကံဆွယ်အခြေခံပညာမူလတန်းကျောင်းမှကျောင်းသား/ကျောင်း သူ(၁၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး အဆိုပါသင်တန်းကို တောင်သာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများလည်း ပံ့ပိုးဆောင်ရွက်ထားရှိပြီး သင်တန်းနားချိန်၌ အချိုရည်နှင့်မုန့်များ ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။

သတင်း - ကျော်မျိုးနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)