ကျောက်ဆည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ



MNP - ဧပြီ   ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ အောင်သင်း ရေးသားသည့်  မိမိဘဝမိမိထူထောင်အောင်မြင်ရေး စာအုပ်အား ယနေ့ နံနက်(၁၀)နာရီခွဲက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုငးတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး က စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘဝတွင် အောင်မြင် တိုးတက်စေရန်အတွက် ကျောင်းစာပေများအပြင် ပြင်ပဗဟုသုတများရရှိမည့် စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အတွေးအခေါ်အယူအဆများ ပိုမိုတိုးတက်ရင့်သာလာစေရန်နှင့် စာအုပ်စာပေ ဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာ မောင်ခိုင်ကျော်(ကျောက်ဆည်)က မိမိဘဝ မိမိထူထောင်ရာတွင် စည်းကမ်းသေဝပ်စွာဖြင့်  အောင်မြင်အောင် တည်ဆောက်ရေး၊ တိကျသော ရည်ရွယ်ချက်များ ထားရှိရေး၊ မိတ်ကောင်း ဆွေကောင်းများအကြောင်းနှင့် ပျော်ရွှင်ကျန်းမာ ကောင်းကျိုးဖြာစေဖို့အတွက် အပြုစိတ်ထားများ အကြောင်း စသည့် အကြောင်းများ ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက မိမိဘဝ ကမ်းနဖူးကထိုင်ပြီး ငါးကလေးတွေရေကူးတာကို ထိုင်ကြည့်နေရုံနဲ့တော့ ရေကူးတတ်မှာမဟုတ်ဘူး၊ မြစ်ကိုတွေ့ရင် တံတားဆောက် တောင်ကိုတွေ့ရင်ဥမင်ဖောက်၊ မိမိကိုယ်ကို မိမိစည်းကမ်းသေဝပ်စွာ စီမံအုပ်ချုပ်ခြင်းနှင့် အားထုတ်လုပ်ကိုင်ခြင်း၊ အပြုစိတ်(၇)မျိုး၊ အဖျက်စိတ်(၇)မျိုး၊ မိမိဘဝ မိမိထူထောင်ရာတွင် အဟန့်အတားဖြစ်စေမည့် အကျင့်ဆိုးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)