နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မသန်စွမ်းသူများအသင်း တွေ့ဆုံဆွေးနွေးပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မသန်စွမ်းသူများအသင်း တွေ့ဆုံဆွေးနွေးပွဲတက်ရောက်




MNP - ဧပြီ   ၂၇

နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီနှင့် မသန်စွမ်းသူများအသင်း တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများ၏ အခွင့်အရေးများရရှိစေရေးနှင့် ဘဝအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးတို့ကိုရည်ရွယ်၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်အတွင်း မသန်စွမ်းသူများအတွက် အတားအဆီးကင်းသောပတ်ဝန်းကျင်ဖြစ်စေရန် နေပြည်တော်မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် စံနမူနာပြ စီစဉ်ဆောင်ရွက်ထားရှိခဲ့ပြီးဖြစ်ပါကြောင်း၊  မသန်စွမ်းသူများအနေဖြင့် အများနည်းတူ အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းတို့ကို ကနဦးစီမံကိန်းနယ်မြေအဖြစ် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စတင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နေပြည်တော်မသန်စွမ်းသူများ အခွင့်အရေးများ ဆိုင်ရာကော်မတီအနေဖြင့် မသန်စွမ်းသူများအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ၊ ပံ့ပိုးကူညီပေးရမည့် အခြေအနေများအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းက မသန်စွမ်းသူများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးသည်။

ယင်းနောက် နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်နှင့်  နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သတင်း - ထွန်းထွန်းဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)