မာန်အောင်မြို့နယ် ဂန္ဓဗ္ဗမြေနီတောင်ပေါ်ရှိ အတုလမာရဇိန်အောင်ဇမ္ဗူ စေတီတော်တွင် စိန်ဖူးတော်အသစ် အထွဋ်တင်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ် ဂန္ဓဗ္ဗမြေနီတောင်ပေါ်ရှိ အတုလမာရဇိန်အောင်ဇမ္ဗူ စေတီတော်တွင် စိန်ဖူးတော်အသစ် အထွဋ်တင်ပူဇော်ပွဲကျင်းပ



MNP - ဧပြီ  ၂၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဂန္ဓဗ္ဗမြေနီတောင်ပေါ်၌ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နှင့် ဇနီးဒေါ်ခင်သီတာဝမ်း မိသားစုတို့မှ တည်ထားကိုးကွယ်ထားသော အတုလမာရဇိန်အောင်ဇမ္ဗူ စေတီတော်မြတ်တွင် စိန်ဖူးတော်အသစ် အထွဋ်တင်ပူဇော်ပွဲကို ယမန်နေ့နံနက် ၈ နာရီကကျင်းပခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားကို သံဃာတော်များနှင့် ပရိတ်သတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ခအုန်းမော်ကူးတော့ဆိပ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တသိရိန္ဒထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်ပန်းတို့ကို သံဃာတော်အား ဆက်ကပ်ပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များကို နာယူကြကာ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး နေထွန်းလင်းနှင့် တာဝန် ရှိသူများက ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်ပန်းတို့အား စေတီတော်လက်ယာရစ် တစ်ပတ်ပက်ဖျန်း ပူဇော်ကြသည်။

ယင်းနောက် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက စိန်ဖူးတော်၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္တုများအား သံဃာတော် အရှင်သူမြတ်ထံ ဆက်ကပ်လှူဒါန်းကြပြီး ခအုန်းမော်ကူးတော့ ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်ထံမှ အနုမောဒနာတရားတော်မြတ်ကို နာယူကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ထို့နောက် စိန်ဖူးတော်အားမင်္ဂလာအချိန် ကျရောက်သည်နဲ့ တစ်ပြိုင်နက် ရခိုင်စည်တော် မင်္ဂလာတီးခတ်၍ စေတီတော်လက်ယာရစ် (၃) ပတ်လှည့်လည်ပူဇော်ပြီး ရတနာစိန်ဖူးတော်အား လက်ဆင့်ကမ်းစေတီတော် အထွဋ်တင်ပူဇော်ခဲ့ကြသည်။

ယင်းနောက် သံဃာတော်များက “ဗုဒ္ဓဘိသေကအနေကဇာ” တင်လှူပူဇော်ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃) ကြိမ် ရွတ်ဆိုအောင်မြင်စွာပြီးစီးခဲ့ကာ ရတနာရွှေမိုး ငွေမိုးရွာသွန်းဖြိုး ခဲ့ကြောင်း သိရသည်။

သတင်း - သိန်းဖေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)