မာန်အောင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲနောက်ဆုံးနေ့ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာရပ်အားကျောင်းသား၊ ကျောင်းသူ များအေးချမ်းစွာဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲနောက်ဆုံးနေ့ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာရပ်အားကျောင်းသား၊ ကျောင်းသူ များအေးချမ်းစွာဖြေဆို








MNP ၊ ဧပြီ  ၆

၂၀၂၁-၂၀၂၂ ခုနှစ်၊ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုမတ်လ၃၁ရက်နေ့မှ ဧပြီလ၉ရက်နေ့ထိ ဖြေဆိုလျက်ရှိရာယနေ့သိပ္ပံတွဲနောက်ဆုံးနေ့ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ကို ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခုတွင်လာရောက်ဖြေဆိုသူ ကျောင်း သား၊ ကျောင်းသူ၁၀၈၆ ဦးရှိကြောင်း သိရသည်။

  အဆိုပါစာမေးပွဲကို မာန်အောင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အထက-မာန်အောင်၊ အထက(ခွဲ)ဈေးတန်း၊ အထက(ခွဲ)ကျောက်တန်း၊အထက-ကမား၊အထက -ဇရပ်ကုန်းခင် စသည့်စာစစ်ဌာနများတွင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဇီဝဗေဒ ဘာသာရပ်တွင် ဖြေဆိုရန်စာရင်းပေးသွင်းထားသူ စာရင်းရှိ၁၇၁ဦး၊လာရောက်ဖြေဆိုသူ ၁၆၄ ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်းမှာ(၉၅. ၉၁) ရာခိုင်နှုန်း၊ဘောဂဗေဒဘာသာရပ်တွင်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၁၀၁၇ ဦး၊လာရောက်ဖြေဆိုသူ ၉၂၂ ဦးရှိရာဖြေဆိုမှုရာခိုင်နှန်း(၉၀•၆၆ ) ရာခိုင်နှန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။

  မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက်သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ကျောင်းတွင်း၊ကျောင်းပြင် လုံခြုံရေးများထားရှိကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - သိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)