ကြို့ပင်ကောက်မြို့တွင် အပူချိန်(၄၀)ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့တွင် အပူချိန်(၄၀)ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာ



MNP - ဧပြီ   ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က အပူချိန်(၄၀)ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်)အထိမြင့်တက်ခဲ့ကြောင်း မြို့နယ် မိုးလေဝသနှင့်ဇလဗေဒစခန်းမှ မြို့နယ်တာဝန်ခံ၏ ပြောကြားချက်အရသိရသည်။

အပူချိန်မြင့်တက်မှုကြောင့် ကျန်းမာရေးဝန်ကြီးဌာန၏ အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်များ ဖြစ်သည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိသူများသည် နေခင်းအချိန်များတွင် အရိပ်ရ၍အေးမြပြီး လေဝင်လေထွက်ကောင်းသော နေရာများတွင် အနား ယူခြင်း ပူပြင်းသည့်နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်း၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားခြင်းများကိုမပြုလုပ်ရန်၊ ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်နှင့် အလုပ်လုပ်ရန်လိုအပ်ပါက အရိပ်လုံလောက်စွာရနိုင်မည့် ထီးနှင့်ဦးထုပ်များဆောင်းရန် အရိပ်ရပြီးအေးမြသောနေရာများတွင် မကြာခဏအနားယူရန်၊ အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပြီး အလင်းပြန်နိုင်သော အဖြူရောင်အထည်များ၊ ပွပွချောင်ချောင် အဝတ်အစားများ ဝတ်ဆင်ခြင်း မနက် ၁၀ နာရီ မှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင် မြစ်ကမ်းနား၊ ရေချိုးဆိပ် များတွင် ရေချိုးခြင်းအဝတ်လျှော်ခြင်းတို့ကို မပြုလုပ်ရန် အရက်သေစာ အလွန်အကျွံသောက်သုံး ခြင်းကိုလည်း မပြုလုပ်ရန်၊ ရေနှင့်ဓာတ်ဆားကို လုံလောက်စွာသောက်သုံးရန်၊ မိတ်နှင့်ယားဖုများ ထွက်လာပါကလည်း ရေစိုဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကိုပြုလုပ်ပေးသင့်ကြောင်း ကိုယ်အပူ တက်နေသောသူများ တွေ့ရှိပါက အရိပ်ရ၍ အေးမြသောနေရာသို့ ချက်ချင်းထားပြီး၊ ကိုယ်အပူချိန် ကျစေရန်ရေအေးဝတ်ကပ်ခြင်း၊ ရေပတ်တိုက်ခြင်းများ အဓိကနဖူး၊ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ကြားများ၊ ရေပတ်တိုက်ခြင်းများ၊ ဓာတ်ဆားရေ၊ အုန်းရေသောက်သုံးစေခြင်းတို့ကိုပြုလုပ်၍ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ပို့ဆောင်ကာ ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ခံယူ သင့်ကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒ စခန်းတာဝန်ခံ ဦးကျော်နိုင်ကပြောသည်။

ကြို့ပင်ကောက်မြို့၏ ယခုနှစ်ဧပြီလတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) အထိမြင့်တက်လာပြီး ယခင်နှစ်ဧပြီလက ၄၃ ဒီဂရီစင်တီဂရိတ်(၁၀၉ ဒီဂရီဖာရင်ဟိုက်)အထိ မြင့်တက်ခဲ့ကြောင်း (လာနီညာ)အေးသမစိုစွပ်ရာသီဥတု ဖြစ်စဉ်ကြောင့် အချိန် အခါမဟုတ် မိုးရွာသွန်မှုဖြစ်စဉ်များ အပူချိန်များအနည်းငယ်တိုးလာနိုင်ကြောင်း သိရသည်။

သတင်း - ဇေယျာထွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)