မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား ဒသမအသုတ် (ပထမ)အကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား ဒသမအသုတ် (ပထမ)အကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

007

008


MNP ၊  ဧပြီ   ၃၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား ဒသမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့  နံနက်ပိုင်းက  သတ်မှတ် နေရာ များတွင်  ဆက်လက် ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးတည် အုပ်စုတွင် ပါဝင်သည့် သူများ အား ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များ နှင့် တာဝန်ရှိသူများက ကူညီ ဆောင် ရွက်ပေး လျှက်ရှိသည်။ 

အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား ဒသမအသုတ် (ပထမ)အကြိမ်အဖြစ် ယနေ့ နံနက်ပိုင်း က  အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၂၂ ဦး ၊မှီခိုသူ ၁၀ ဦး စုစုပေါင်း ၃၂ ဦးအား ထိုးနှံပေးခဲ့ပြီး ဧပြီ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဒသမအသုတ် (ပထမ)အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ စုစုပေါင်း ၁၃၂၁ ဦးအား ကျန်းမာ ရေးဝန်ကြီး ဌာန၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံ ပေး မည် ဖြစ်ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages