ခမောက်ကြီးမြို့အတွင်းရှိ စက်ရုံအလုပ်ရုံများ၌ ဆေးထိုးစုရပ်အလိုက် ကာကွယ်ဆေး (ဒုတိယကြိမ်)နှင့် (ပထမကြိမ်)ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခမောက်ကြီးမြို့အတွင်းရှိ စက်ရုံအလုပ်ရုံများ၌ ဆေးထိုးစုရပ်အလိုက် ကာကွယ်ဆေး (ဒုတိယကြိမ်)နှင့် (ပထမကြိမ်)ထိုးနှံပေး



MNP -  ဧပြီ   ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် စက်ရုံအလုပ်ရုံများ၌ ကာကွယ်ဆေးထိုးစုရပ်များအလိုက် ဒုတိယကြိမ်နှင့် ပထမကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများကို ယမန်နေ့က ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံကြရာတွင် ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဌာနမှ ဆရာမကြီး ဒေါ်ခက်ခက်ဦးဆောင်သော ဆရာ၊ ဆရာမများက  မတ်လ ၂၆ ရက်နေ့က ကာကွယ်ဆေး ပထမကြိမ် ထိုးနှံပြီးသူများအား (ဒုတိယကြိမ်) အဖြစ်အိန္ဒိယနိုင်ငံထုတ်  Covaxin ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား(ပထမကြိမ်)အဖြစ် ထိုင်းနိုင်ငံထုတ် Astrazeneca  ကိုဗစ်-၁၉ ကာကွယ်ဆေးအားလည်း  ဆေးတစ်လုံးလျှင်  လူ(၁၀)ဦးနှုန်းဖြင့် အသီးသီး ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ခမောက်ကြီးမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်း - ရူပါမြင့်

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)