အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီ လုပ် ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီ လုပ် ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ






MNP ၊ ဧပြီ ၂၃ 

ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ ဝေးကို ယမန်နေ့ ညနေပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ  ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ မဲစာရင်းများမှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ရေးသွင်းနိုင်ရေးနှင့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာနမှထုတ်းပေးထားသောနိုင်(၄)ပုံစံများအား ဖြည့်သွင်းနိုင်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ပါသည်။

အမ်းမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင် က   ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံမှုနှင့်ပတ်သက် ၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီး ချုပ်က ၂၀၂၂ ခုနှစ်၊ ဧပြီ လကုန်တွင် ကိုဗစ်-၁၉ ရော ဂါ ကြိုတင်ကာကွယ် ဆေး ရာနှုန်း ပြည့် ထိုးနှံပြီးစီးရေး ဆောင်ရွက်ရန် ညွှန်ကြားထားပါကြောင်း၊ မိမိတို့ မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်း ပြည့် ထိုးနှံပြီးရေးအတွက် အမျိုး သားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဆေးထိုး နှံရေးလုပ်ငန်းများကို စီမံချက်များရေးဆွဲကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမ်းမြို့နယ် တွင် အသက် ၁၈ နှစ်နှင့်အထက်ဆေးထိုးရန်အ ကျုံးဝင်ဦးရေ(၈၂၃၀၆) ဦးရှိပြီးကာကွယ် ဆေးထိုးနှံပြီးသူဦရေ(၇၁၂၅၄) ဦးရှိပါကြောင်းနှင့်အကြောင်းအမျိုးမျိုးကြောင့် ကာ ကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဦးရေမှာ (၁၁၀၅၂ ) ဦးရှိပါကြောင်း၊ လျာထားအင်အားပြည့်မီရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး  ကော်မတီအဖွဲ့ဝင်များ ဧပြီလအကုန်တွင် ရာနှုန်း ပြည့်ထိုးနှံ ပြီးစီးနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည့်အပြင် ရောဂါကူးစက်လာပါကလည်း ခံနိုင် ရည်ရှိနိုင်ကြောင်း ကို ပြည်သူများသိရှိရန်  ကျယ်ကျယ် ပြန့်ပြန့် ဆော်ဩသွားရန်လိုကြောင်း နှင့်ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး ရာနှုန်းပြည့်ထိုးနှံ နိုင်ရေးအကြံပြုဆွေးနွေးပေးကြရန်ပြောကြားခဲ့ရာ တက်ရောက်လာသူ ဌာနဆိုင်ရာများ၊ရပ်ကွက်ကျေး ရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများက မြေပြင်အခြေအနေများအား တင်ပြခဲ့ရာအမ်းမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကျော်မိုးက မြို့နယ်အတွင်း ကာ ကွယ်ဆေး ထိုးနှံမှုအခြေ အနေ၊ ကာကွယ် ဆေးရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းနှင့်ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက် လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်း ပြည့်ထိုးနှံနိုင်ရေးနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြမှုအား မြို့နယ် ကိုဗစ်- ၁၉ ရောဂါထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ကဖြည့်စွက်ဆွေးနွေးပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ တပ်တောင်မြို့မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့အုပ်ချုပ်ရေးမှူး၊တိုက်နယ်ဆရာဝန်၊ကျေးလက်ကျန်းမာရေး၊ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများနှင့်စာရေးများပါဝင်သောအဖွဲ့မှလည်းကိုဗစ်-၁၉ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)