သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ၁၀၀% ပြည့်မှီမှု ရှိစေရန် စီမံချက်ဖြင့် ကာကွယ်ဆေး ထိုးနှံ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ၁၀၀% ပြည့်မှီမှု ရှိစေရန် စီမံချက်ဖြင့် ကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်

 


MNP - ဧပြီ    ၂၅                            


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ရာနှုန်းပြည့် လွမ်းခြုံမှု ရှိစေရန်စီမံချက်ဖြင့် ရပ်ကွက်(၃၄) ရပ်ကွက်အလိုက် Mobile စနစ်ဖြင့် ကာကွယ်ဆေးထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့၊ နံနက် ၉ နာရီအချိန် စံပြရပ်ကွက်ဓမ္မာရုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ကျား(၃၀) ဉီး၊ မ(၆၂)ဉီး စုစုပေါင်း (၉၂)ဉီး တို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(COVID SHIELD)ဆက်လက်ထိုးနှံပေးခဲ့သည်။


အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေဝဏ္ဏလှိုင်မှ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ စံပြရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ Mobile စနစ်ဖြင့် ထိုးနှံဆောင်ရွက် လျက်ရှိသည်။


သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ကျန်ခဲ့ခြင်း မရှိရလေအောင် ရပ်ကွက်အလိုက်လမ်းများ အထိ Mobile စနစ်ဖြင့် တနင်္ဂနွေ့နေ့မှအပ ကျန်ရက်များ၌ နံနက်(၉:၀၀) နာရီမှညနေ(၃:၀၀)နာရီအထိ ဆေးထိုးအဖွဲ့(၅)ဖွဲ့ခွဲ၍ အရှိန် ဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်း - စန္ဒာမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)