မိုင်းရှူးမြို့၌နွေရာသီ အားကစားအခြေခံသင်တန်း ဆင်းပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့၌နွေရာသီ အားကစားအခြေခံသင်တန်း ဆင်းပွဲကျင်းပပြုလုပ်



MNP -  ဧပြီ   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှကြီးမှူးဖွင့် လှစ်သည့် နွေရာသီ အားကစားအခြေခံသင်တန်းဆင်းပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီအချိန်က မိုင်းရှူးမြို့၊ မြို့နယ်အားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုး လင်းထိုက်ကအဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဇော်နီချစ်ကသင်တန်း နည်းပြဆရာများအား လက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းက သင်တန်းသူ/သားများအား သင်တန်း ဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီးပေး အပ်ကြသည်။

အဆိုပါ နွေရာသီ အခြေခံ အားကစားသင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်၊ ဘော်လီဘော၊ ကြက်တောင်၊ Fitness Dance နှင့် ဝိုင်းခြင်း စသည့်အားကစားနည်း(၆) မျိုးကို မတ်လ၂၃ ရက်နေ့မှ ဧပြီလ ၂၃ရက်နေ့အထိ တစ်လတာသင်ကြားပို့ချပေးခဲ့ ပြီးသင်တန်းသူ/သား(၁၅၅) ဦးတက်ရောက်ခဲ့ကြောင်း မိုင်းရှူးမြို့နယ်အား ကစားနှင့်ကာယ ပညာဦးစီး ဌာနမှ နည်းစနစ်မှူး ဦးကျော်ဝင်းထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)