အုတ်ဖိုမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်ဖိုမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ



MNP - ဧပြီ   ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အုတ်ဖိုမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းမှ အဖွင့်အမှာ စကားပြော ကြားရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ စီမံကိန်းရည်မှန်းချက်အကောင်အထည်ဖော်နိုင်မှုမှာ ယခင်နှစ်တွင် (၁၆၉၃၂၅.၈)ကျပ်သန်းဖြစ်ပြီး ယခုနှစ်တွင် (၁၇၂၁၉၁.ဝ) ကျပ်သန်း အကောင်အထည်ဖော်နိုင်ခဲ့ကာ ရည်မှန်းချက်အပေါ် (၁၀၀.၅) ရာခိုင်နှုန်းဖြစ်ပြီး တိုးတက်မှုနှုန်းမှာ (၁.၇) ရာခိုင်နှုန်းဖြစ်ကြောင်း၊  ယခုအကောင်အထည်ဖော်မဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ အုတ်ဖိုမြို့နယ်ရဲ့ (GDP) မှာကျပ်သန်း(၁၉၈၁၄၁.၁) ဖြစ်ပြီးယခင်နှစ်ထက်  (၃.၇) ရာခိုင်နှုန်းတိုးတက်ဖို့ရည်မှန်း ထားကြောင်း၊ ယခုဘဏ္ဍာ နှစ်မှာပြန်လည်အပ်နှံတဲ့ လုပ်ငန်းများမရှိစေရေးသက်ဆိုင်ရာဌာနများက ကြီးကြပ်ဆောင်ရွက်ပေးရန် လိုကြောင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးမှ ဒေသန္တရစီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားရာ လယ်ယာကဏ္ဍမှာ ယခင်နှစ်က (၆၃၀၄၂.၉) ကျပ်သန်းဖြစ်ပြီးယခုနှစ်တွင် (၆၃၂၅၉.၉) ကျပ်သန်းဖြစ်တဲ့အတွက် (ဝ.၃) ရာခိုင်နှုန်းတိုးတက်လာမှာဖြစ်ကြောင်း၊ စက်မှုကဏ္ဍမှာ ယခင်နှစ်က (၄၅၅၉၇.၆) ကျပ်သန်းဖြစ်ပြီး ယခုနှစ်တွင် (၂၇၁၇၂.၇)ဖြစ်တဲ့အတွက် (၃.၅) ရာခိုင်နှုန်းတိုးတက်လာမှာဖြစ်ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍမှာ ယခင်နှစ်က (၆၆၈၅.၃) ကျပ်သန်းဖြစ်ပြီး ယခုနှစ်တွင် (၆၁၇၁၆.၃) ကျပ်သန်းဖြစ်တဲ့အတွက် (၁.၇) ရာခိုင်နှုန်းတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌမှ ဒေသန္တရစီမံကိန်းတာဝန်များကိုပေးအပ်ရာ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများက အသီးသီး လက်ခံရယူ ခဲ့ကြောင်း သိရသည်။

သတင်း - အောင်သူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)