မြောက်ဦး၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသူ/ကျောင်းသားများကို ဘက်စုံဖွံ့ဖြိုးရေးအတွက် အခြေခံအင်္ဂလိပ်စာ သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦး၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသူ/ကျောင်းသားများကို ဘက်စုံဖွံ့ဖြိုးရေးအတွက် အခြေခံအင်္ဂလိပ်စာ သင်တန်း ဖွင့်လှစ်




MNP - ဧပြီ   ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံအလယ်တန်းအဆင့်နှင့် အခြေခံအထက်တန်းအဆင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် အခြေခံ အင်္ဂလိပ်စာသင်တန်းကို ယနေ့ နေ့လယ် ၁၁နာရီအချိန်မှစတင်၍ ဖွင့်လှစ် ကြောင်း သိရသည်။

အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းမှာ ပညာရေးဌာနမှ ဦးအောင်သန်းစိုးက သင်ကြားပို့ချပေး သွားမည်ဖြစ်ပြီး နွေရာသီကျောင်းပိတ် ရက်များတွင် လျှောက်သွားလည်နေမယ့်အစား အလယ်တန်း၊ အထက်တန်းအဆင့်ရှိ ကျောင်းသူ/ကျောင်းသားများကို သင်တန်း တက်ရောက် ကြရန် မှာကြားခဲ့ပြီးနောက်  ထိုကလေးငယ်များကို အခြေခံအင်္ဂလိပ်စာ တတ်မြောက်ရေးနှင့် နားလည်အောင် သေသေချာချာ သင်ပြပေးသွား မည်ဖြစ်ကြောင်း သိရသည်၊၊

 ထိုသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးတင်ရွှေ၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်း၊ သင်တန်းဆရာ ဦးအောင်သန်းစိုးတို့က  တက်ရောက်လာသော သင်တန်းသား (၃၀) ဦးတို့ကို သင်တန်းနှင့်ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်း ပြောကြားပြီး ကျောင်းသား/ကျောင်းသူများကို စာအုပ်၊ ဘောပင်များ အခမဲ့ပေးဝေခဲ့သည်။ တစ်ရက်ကို ၂ နာရီ ကြာသင်ကြား၍ သင်တန်းကာလကိုလည်း ၂၂-၄-၂၀၂၂ ရက်နေ့မှ ၂၄-၅-၂၀၂၂ ရက်နေ့ အထိ ၁ လတိတိ အခမဲ့သင် ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မြင့်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)