စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခြေခံကွန်ပျူတာ သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခြေခံကွန်ပျူတာ သင်တန်းဖွင့်



MNP - ဧပြီ  ၂၆

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းတောင်ရိုးရှိ အောင်မြေဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ပူးပေါင်း၍ အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက ကျောင်းသား/ ကျောင်းသူလူငယ်များ  နွေရာသီကျောင်းပိတ်ရက်မှာ အသိပညာ/ အတက်ပညာ အခြေခံများရရှိစေရန် အခြေခံကွန်ပျူတာသင်တန်းကို အခမဲ့ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ရောက်ရှိနေပြီဖြစ်၍ ကွန်ပျူတာအတက် ပညာသည် မရှိမဖြစ်လိုအပ်သော ပညာရပ်ဖြစ်ပါကြောင်း၊ အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ စသည်ဖြင့်လုပ်ငန်းနေရာကွာသော်လည်း လုပ်ငန်းတိုင်း၊ နေရာတိုင်းမှာ ကွန်ပျူတာကျွမ်းကျင်သူများလိုအပ်ပါကြောင်း၊ ကွန်ပျူတာဘာသာရပ်ကျွမ်းကျင် တတ်မြောက် ထားမှ သာလျှင်အလုပ်နေရာရရှိရန် လွယ်ကူပါကြောင်း၊ အခမဲ့ဆိုပေမဲ့ တန်ဖိုးထား/ အလေးထား သင်ကြားသွားကြစေလိုပြီး သင်တန်းဆင်းပါကလည်း ဆက်လက်လေ့လာ အသုံးချသွားကြပါလို့ ပြောကြားလိုကြောင်း စသည်ဖြင့်ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူ(၂၀)ဦး တက်ရောက်ကြပြီး သင်တန်းတွင် Computer Typing / English & Myanmar Typing / Microsoft Word/ Office Excel / Office Power Point / Pagemaker စသည့်ဘာသာရပ်များကို အခြေခံအဆင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ (၁) လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇော်မြင့်နိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)