ဂွမြို့တွင် ကိုဗစ် .၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးမှုရှိစေရေး အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် ကိုဗစ် .၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးမှုရှိစေရေး အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

 





MNP ၊  ဧပြီ  ၂၄                

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာခိုင်နှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် မြို့နယ် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်၏  ဦးဆောင်ကြီးကြပ်မှုဖြင့်သက်ဆိုင်ရာအစုအဖွဲ့များခွဲ၍ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ထိုးနှံပေးလျက်ရှိရာ  ယမန်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင်  ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး မထိုးနှံသေးရသည့် ပြည်သူများအား ဆေးထိုးနှံမှုများတွင် ကျန်ရစ်မှုမရှိစေရေးအတွက် သက်ဆိုင်ရာ အစုအဖွဲ့များအလိုက် သွားရောက်ကာ ပူးပေါင်း ကွင်းဆင်းစစ်ဆေး၍ ကောက်သင်းကောက်စနစ်ဖြင့် အိမ်တိုင်ရာရောက် ထိုးနှံပေးလျက်ရှိရာ ဂွမြို့ပေါ်ရပ်ကွက်၊ ကျိန္တလီမြို့ပေါ်ရပ်ကွက်နှင့် ဆပ်သွားကျေးရွာတို့ရှိ ပြည်သူ (၃၈၆)ဦးအား  ကာကွယ်ဆေးများ ထိုးနှံ ပေးနိုင်ခဲ့ကြောင်းသိရသည်။

                

သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)