ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်၊ နွေသီးနှံ ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်၊ နွေသီးနှံ ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း



MNP - ဧပြီ   ၂၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြင်ကဝကျေးရွာအုပ်စု အောက်ဆိပ် လျှပ်စစ်မြစ်ရေတင် စီမံကိန်းမှ စိုက်ပျိုးရေဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် နွေပဲတီစိမ်းစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းကြောင်း သိရသည်။

၂၀၂၂ခုနှစ်နွေရာသီတွင် မြစ်ရေတင်စီမံကိန်းစိုက်ပျိုးမြေများ၌ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သော တောင်သူများ  ဒေသဝမ်းစာဖူလုံရေး၊ လူမှုအကျိုးစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေး၊ အခြားသီးနှံပဲမျိုးစုံ အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက် နိုင်စေရန်အတွက် ဧရာဝတီမြစ်ရေကို ရေခေါ်မြောင်းတူး ဆောင်ရွက်ပေးခြင်း၊ ရေဝပ်ကျင်းပွန်တွန်းမှ ပင်မမြောင်းမကြီးအတွင်း ရေတင် ဆောင်ရွက်ပေးခြင်း၊ ထပ်ဆင့်ရေတင် အမှတ်(၂)၊ အမှတ်(၃)တို့မှ မြောင်းလက်တံ အမှတ်(၅)မှ (၁၀)အထိ နွေသီးနှံ စိုက်ပျိုးဧက (၅၀၀)ကျော်အတွက် စိုက်ပျိုးရေပြည့်ဝစွာ ဆောင်ရွက်ပေး ထားသည့်အတွက် နွေသီးနှံပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စတင်ခူးဆွတ် နေပြီဖြစ်ကြောင်း၊ ပဲတီစိမ်းစိုက်ပျိုးရာတွင် သက်ဆိုင်ရာလူကြီးများနှင့် မြစ်ရေတင်မှ တာဝန်ရှိသူများ၊ ရေပေးဝေရေး ကော်မတီမှ တာဝန်ရှိသူများက နွေသီးနှံစိုက်ပျိုးမှုအတွက် စိုက်ပျိုးရေ ပြည့်ဝစွာ ဆောင်ရွက်ပေးမည် ဖြစ်သည့်အတွက် တောင်သူများ ကြိုတင်ခေါ်ယူ ဆွေးနွေးမှုများ ဆောင်ရွက်သည့်အချိန်မှ စတင်၍ စိုက်ပျိုးမြေပြုပြင်ခြင်း၊ ပဲတီစိမ်း မျိုးကောင်းမျိုးသန့်များ စုဆောင်းခြင်းဆောင်ရွက်ပြီး၊ စိုက်ပျိုးရေပို့လွှတ်သည့်အခါ စတင်စိုက်ပျိုး ခဲ့သည့်အတွက် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်ပြီး  ပထမအသုတ် ပဲတီစိမ်းအသီးများ စတင်ခူးဆွတ်ခြင်းဖြစ်ကြောင်း၊ ယခင်နှစ်က ပဲတီစိမ်းစိုက်ပျိုးရာတွင် ပဲတီစိမ်းစိုက်ခင်းများ ရွက်ဝါကျပြီး သီးနှံအောင်မြင်ဖြစ်ထွန်းမှု မရှိဘဲထိခိုက်မှုများ ကြုံခဲ့ရသည့်တောင်သူများရှိခဲ့ပြီး  ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းထံမှ  နည်းပညာရယူခြင်း၊ ပဲတီစိမ်း မျိုးကောင်းမျိုးသန့်များ ချိတ်ဆက်မှာယူ စိုက်ပျိုးခဲ့ကြောင်း၊ ပဲတီစိမ်း တစ်ဧကလျှင် ပဲတီစိမ်းမျိုး (၄)ပြည်မှ (၅)ပြည်ခန့် စိုက်ပျိုးကြပြီး မြေပြင်ထွန်းယက်၊ စိုက်ပျိုးမြေဩဇာ ကုန်ကျမှုမှာ ၁၅၀၀၀၀ကျပ်ခန့် ကုန်ကျပြီး  ပဲတီစိမ်းတစ်ဧကလျှင် ၁၅ တင်းခန့် ထွက်ရှိပြီး ယခင်နှစ်က ပဲတီစိမ်း တစ်တင်းလျှင် ဒေသပေါက်ဈေး ၄၀၀၀၀ ကျပ်ဖြင့် ရောင်းချရပြီး ယခုနှစ် ပဲတီစိမ်းရောင်းချမှု မပြုလုပ်ရသေးသည့်အတွက် ဈေးနှုန်းမသိရသေးကြောင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူများထံမှ သိရသည်။

သတင်း - စိုးလင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)