သထုံခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရုံးလုပ်ငန်းလက်စွဲစာအုပ်အား ဝန်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရုံးလုပ်ငန်းလက်စွဲစာအုပ်အား ဝန်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေး


MNP ၊  ဧပြီ    ၂၉

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများ လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်အတွက် ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ရုံးလုပ်ငန်းလက်စွဲစာအုပ်အား စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး ဆွေးနွေးပြောကြားပြီး ဝန်ထမ်းများက ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ ပစ္စည်းများမှာယူထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်း အခန်းမှ ရုံးသုံးပစ္စည်းအမျိုးအစားများ၊ ပစ္စည်းမှာယူခြင်း၊ လက်ခံခြင်း၊ ပစ္စည်းစာရင်းထားရှိခြင်း၊ ပစ္စည်းသိုလှောင်ခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်း၊ စာရင်းမှပယ်ဖျက်ခြင်း အခန်းတို့မှ ရုံးလုပ်ငန်းဆိုင်ရာ စနစ်တကျဆောင်ရွက်ရမည့်အချက်များတို့ကို အသေးစိတ်ဖတ်ကြားကြကာ တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)