တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မူလတန်းအဆင့် ကလေးငယ်များအား ပုံပြင်ပြောခြင်း အစီအစဉ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မူလတန်းအဆင့် ကလေးငယ်များအား ပုံပြင်ပြောခြင်း အစီအစဉ်ဆောင်ရွက်



MNP - ဧပြီ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီက  လူရှိုင်း (လူရှေ)စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ရေးသားပြုစုသည့် "မိုးကလေးဘယ်ကလာ" ခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်း အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃(ပြ) ဒေါ်ဂျာအောင်လုက ပုံပြင်ပြောအစီအစဉ် ပြုလုပ်ရခြင်းဖြင့် စာ‌ပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ဖြစ်စေရန်၊ အချိန်ကို တန်ဖိုးထားတတ်စေရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ  တိုးပွား လာစေရန် စသည့်ရည်ရွယ်ချက်များနှင့် "မိုးကလေးဘယ်ကလာ"ပုံပြင်ထဲမှ သိမှတ်ဖွယ်ရာများ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး ပုံပြင်ပြောအစီအစဉ်သို့ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ ကလေးငယ်(၄၀)ဦး တက်ရောက်ခဲ့သည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)