ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်(၃)ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်(၃)ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ



MNP -  ဧပြီ  ၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်း အတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင်ယမန်နေ့နံနက် (၁၀:၀၀)နာရီမှ (၁၃:၀၀)နာရီထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD)အား ပထမအကြိမ် ထိုးနှံပေးခြင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆေးထိုးနှံရာတွင် ဒဂုံမြို့နယ် အတွင်းရှိယောမင်ကြီးရပ်ကွက်နှင့် ပြည်လမ်းအရှေ့ရပ်ကွက်တို့မှ အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေ ပြည်သူ ကျား (၂၀)ဦး၊မ(၃၅)ဦး လူဦးရေ စုစုပေါင်း (၅၅)ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၁၁ ဦးနှုန်းဖြင့်(၅၅) ဦး အတွက် ဆေးအလုံးရေ (၅)လုံးအားထိုးနှံပေးခဲ့သည်။    

ထို့ပြင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ( COVISHIELD) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose)ထိုးနှံခြင်း လုပ်ငန်းအားလည်း ယောမင်းကြီးရပ်ကွက်၊ ဦးဝိစာရ ရပ်ကွက်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်နှင့် ပြည်လမ်းအနောက်ရပ်ကွက်တို့မှ အသက်(၁၈)နှစ်နှင့်အထက် ရှိသူကျား( ၉၀ )ဦး၊မ (၇၅)ဦး  စုစုပေါင်း (၁၆၅) ဦးအား ဆက်လက်ထိုးနှံပေးခဲ့ကြရာ ကာကွယ်ဆေး တစ်လုံးလျှင် (၁၁)ဦး နှုန်းဖြင့် (၁၆၅) ဦးအတွက် ဆေးအလုံးရေ (၁၅)လုံးအား ထိုးနှံပေးခဲ့ရာ ပထမအကြိမ် နှင့်ဒုတိယအကြိမ် ကျား ( ၁၁၀) ဦး၊ မ ( ၁၁၀ )ဦး၊ စုစုပေါင်း (၂၂၀)ဦး တို့လာရောက် ထိုးနှံခဲ့ကြပါသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီး မှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။ ကာကွယ်ဆေးထိုးနှံရာ နေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံ တစ်ရာ မရှိစေရေးအတွက် ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း - မေသန္တာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)