စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်ချက်တာဝန်ပေးအပ်ပွဲ အခမ်းအနားနှင့် တိုင်းဒေသကြီး ရင်းနှီး မြုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၂)သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်ချက်တာဝန်ပေးအပ်ပွဲ အခမ်းအနားနှင့် တိုင်းဒေသကြီး ရင်းနှီး မြုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၂)သို့ တက်ရောက်




MNP  - ဧပြီ   ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး၏ လူမူ၊စီးပွားဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အတွင်းမှာ ရှိတဲ့ သဘာဝအရင်းအမြစ်များ၊ လူသားအရင်းအမြစ်များကို အခြေခံလျက် နိုင်ငံတော်နှင့် ပုဂ္ဂလိက ဘဏ္ဍာအရင်းအမြစ်များဖြင့် ပေါင်းစပ်တွန်းအားပေး အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် များနှင့် လည်းကိုက်ညီ၊ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူများရဲ့ အခြေခံစားဝတ်နေရေး ကိုလည်း ဖြည့်ဆည်းပေးနိုင်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော ကုန်ထုတ် လုပ်ငန်းများကိုလည်း အထောက်အကူဖြစ်စေမည့် အခြေခံအဆောက်အအုံများဆိုင်ရာ ရင်းနှီး မြုပ်နှံမှုလုပ်ငန်းများအား ဦးစားပေးခွင့်ပြုခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၏ မေခရိုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ၊ နိုင်ငံသားရင်းနှီးမြုပ်နှံမှု များကို တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုနိုင်သည့် ဘောင်အတွင်းမှ ခွင့်ပြုပေးနေသကဲ့သို့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိနေသည့် ဆည်မြောင်း၊ တာတမံ၊ ကုန်ထုတ်လမ်းများ၊ လမ်းမကြီးများ၊ တံတားများ၊ သန့်ရှင်းသော သောက်သုံးရေ၊ လျှပ်စစ်မီး၊ ဆေးရုံ၊ ကျောင်းစသည့် အခြေခံအဆောက်အအုံများအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတွင် တိုင်းဒေသကြီး ဘက်ဂျက်များဖြင့်လည်းကောင်း၊ အမျိုးသားစီမံကိန်းတွင် ပြည်ထောင်စု ဘက်ဂျက်ဖြင့်လည်းကောင်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေတွင် ပါဝင်သည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်း စီမံကိန်းများကို ဆောင်ရွက်ကြမည့် ဌာနဆိုင်ရာများအနေဖြင့် ပြဌာန်းခဲ့သည့် စီမံကိန်းဥပဒေ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်ကမ်းများနှင့် အညီ ပွင့်လင်း မြင်သာစွာ စီမံဆောင်ရွက်ကြရန်နှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလိူင်က စစ်ကိုင်းတိုင်း ဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများထံ စစ်ကိုင်းတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း တာဝန်များနှင့် သက်ဆိုင်ရာခရိုင်များ၏ ဒေသန္တရ စီမံကိန်း တာဝန်များအား တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းတွင် စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဘိုး(GDP) တိုးတက်မှုရာခိုင်နှုန်းအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးသည် တိုးတက်မှုရာခိုင်နှုန်း ၄.၂ ရာခိုင်နှုန်းရရှိရန်နှင့် တိုင်းဒေသကြီး၏ ရင်းနှီးမြုပ်နှံမှု လုပ်ငန်း စီမံကိန်းများတွင် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်း အသုံးစရိတ်ကျပ် - ၁၄၄.၉၁၅ ဘီလီယံဖြင့် လုပ်ငန်းစီမံကိန်း စုစုပေါင်း ၂၇၉၅ ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၂)သို့ တက်ရောက်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက် နိုင်ဖို့အတွက် ဆီထွက်သီးနှံမျိုးစေ့ထုတ်လုပ်ခြင်း၊ အကျိုးတူကန်ထရိုက် လယ်ယာစနစ်နှင့် စိုက်ပျိုးခြင်း၊ စားသုံးဆီအမျိုးမျိုး ကြိတ်ခွဲထုတ်လုပ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လိုသူ စိတ်ဝင်စားသူများကို အဆိုပြုလွှာတင်လာလျှင် မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ မိမိတို့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာလည်း နေကြာစိုက်ပျိုးမှုအခြအနေ၊ နေကြာဆီထုတ်လုပ်အခြေအနေ၊ နေကြာဆီဈေးနှုန်း၊ နေကြာဆီ ကြိတ်စက်လိုအပ်မှုတို့ကိုလေ့လာပြီး နေကြာဆီထုတ်လုပ်မဲ့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်နိုင်ရန် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းကြိုးပမ်းပေးကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် တည်ဆောက်ရေးကာလ သက်တမ်းတိုးခြင်းနှင့် ဖေဖော်ဝါလအတွင်း ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီအဖွဲ့ဝင်များက ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) တွင် Great Wall Food Stuff Industry Company Limited နှင့် ပတ်သက်၍ အဆိုပါမြေနေရာတွင် သကြားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ခဲ့ခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် Pyi Kyaw Aung Htay Gems Co,Ltd က ပထမအကြိမ် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် ပတ်သက်၍ ပထမအကြိမ် တည်ဆောက်ရေးကာလ ၁၀ လ တိုးမြှင့်ခွင့်ပြုပါကြောင်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)