ပန်းတောင်းမြို့နယ် ဥသျှစ်ပင်တွင် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်တွင် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး



MNP -  ဧပြီ    ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ရွှေပင်ရပ်ကွက်အုပ်ချုပ်ရေးရုံးနှင့် လဲရွှာတို့တွင် ကိုဗစ် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံက်ပိုင်းက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ရွှေပင်ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် ထိုးနှံပေးရာမှာ ကျား(၇၃)ဦး၊ မ(၈၆)ဦး စုစုပေါင်း ၁၅၉ ဦး ကိုဗစ် ကာကွယ်ဆေးထိုးနှံပြီး လဲရွာတွင် ကျား(၁၃)ဦး၊ မ(၁၅)ဦး စုစုပေါင်း၂၈ ဦးရှိပြီး၊ ရွှေပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် လဲကျေးရွာ တို့တွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးသူပေါင်း ၁၈၇ ဦး လာရောက်ထိုးနှံကြကြောင်း သိရသည်။

ယင်းနောက် အများဆုံးလာရောက်ထိုးနှံကြသူများမှာ ဈေးရောင်းချနေသော ဈေးသည်များ ဖြစ်သည်ဟုသိရှိရသည်။

သတင်း - သင်းသင်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)