ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် အသက်(၁၅)နှစ်မှစတင်၍ ကာကွယ် ဆေးထိုးနှံ‌ပေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် အသက်(၁၅)နှစ်မှစတင်၍ ကာကွယ် ဆေးထိုးနှံ‌ပေးခြင်း ဆောင်ရွက်



MNP - ဧပြီ   ၂၇    

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်(၁၅)နှစ်မှစတင်၍ ကာကွယ်ဆေး ထိုးနှံခြင်းကို (၇)ရပ်ကွက်ဒေသန္တရတွင် ယမန်နေ့နံနက် ၉ နာရီအချိန်၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူ၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍

Mobile စနစ်ဖြင့်လည်း ထိုးနှံဆောင်ရွက်လျက်ရှိသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့၌ အသက်၁၈နှစ်အထက် ပြည်သူ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံသူ ကျား(၄၅)ဦး၊ မ(၅၇)ဦး၊ အသက်၁၅နှစ်အထက် ပြည်သူ(၆)ဦး စုစုပေါင်း(၁၀၈)ဦးတို့အား ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - ဝင်းအိမွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)