ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံဆွေးနွေး

 


MNP -   ဧပြီ   ၆

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ဧပြီလ ၅ ရက်နေ့ နံနက် ၁၀ ခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ထူးခြားဖြစ်စဉ် မဖြစ်ပေါ်ခင် သတင်းလက်ဦးမှုရယူနိုင်ဖို့လိုပြီး သတင်းပေးအမာခံများရှိဖို့လည်းလိုကြောင်း၊ မီးဘေး၊ သဘာဝဘေးအစရှိသည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအားလုံးကိုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း၊ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြဖို့လိုကြောင်း၊ ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေး  ကူညီစောင့်ရှောက် ကြည့်ရှုပေးကြစေလိုပြီး  မေလတွင် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်/ ကောလိပ်/သိပ္ပံများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် မိမိရပ်ကွက်၊ ကျေးရွာရှိ ကျောင်းသား/သူများ ကျောင်းပြန် တက်နိုင်စေရန် တာဝန်ယူစည်းရုံးပြောဆိုပေးကြစေလိုကြောင်း၊ စားသုံးဆီဖူလုံမှုရှိစေရေး မြေပဲ၊ နှမ်း၊ နေကြာ အစရှိသည့် ဆီထွက်သီးနှံများကို သီးထပ်သီးညှပ်များဖြင့် အရေအတွက်များများ တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူလယ်သမားများအား စည်းရုံးဆောင်ရွက်ပေးကြစေလိုကြောင်း၊ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေး အခြေခံမှာ ရပ်ကျေးများဖြစ်သည့် အတွက် ပေါ့ပေါ့ လျော့လျော့ဆောင်ရွက်ခြင်းမပြုဘဲ စာရင်းဇယားများကို တိကျမှန်ကန်စွာ ဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့် အတွက် မိမိတို့ ရပ်ကွက်/ကျေးရွာများတွင် ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များဆောင်ရွက်၍ အများပြည်သူအေးချမ်း ပျော်ရွှင်စွာ ရေကစားနိုင်ရေး စီမံဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးစိုးလွင်က ပန်းခင်စီမံချက်နှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပြီး ဘားအံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ကြုံတွေ့နေရသည့်အခြေအနေများအား ဆွေးနွေးတင်ပြကြကာ သက်ဆိုင်ရာတာဝန်ရှိသူများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လမ်းတံတားနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာ စကားပြောကြားသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)