အမ်းမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်




MNP ၊ ဧပြီ ၃၀ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊အမ်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်း‌ရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က အမ်း-မင်းဘူးလမ်း အပိုင်း အမ်းမြို့မှ အမ်း- မအီ -စစ်တွေလမ်းဆုံထိ ၎င်းမှ အောက်ရွာအုပ်စုမှ စစ်တွေ-အမ်း-မအီ လမ်းဆုံ ထိ လမ်းဘေးဝဲယာများ၌ပြုလုပ်ခဲ့ ကြောင်းသိရှိရသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်‌ရေးပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊  ရပ်ကွက်/ကျေးရွအုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ(၅၅၀)ဦးခန့် တက်ရောက်ကာ  မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးပြုလုပ်ခြင်းအားဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး အမ်းမြို့နယ်တပ်တောင်မြို့နှင့် အမ်း-စစ်တွေလမ်းမကြီးရှိ လမ်းဘေးကျေးရွာများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)