နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့) ကွန်ပျူတာသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့) ကွန်ပျူတာသင်တန်း ဖွင့်လှစ်




MNP - ဧပြီ   ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့) ကွန်ပျူတာသင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈နာရီအချိန်က သဖန်းကိုင်းပရဟိတ ကွန်ပျူတာ သင်တန်း ခန်းမ၌  ကျင်းပခဲ့သည်။

အဆိုပါသင်တန်းကို သဖန်းကိုင်း ပရဟိတဆရာတော် သမ္ဓမ္မဇောတိကဓဇ ဒေါက်တာ ပညာလင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲ၌ သဖန်းကိုင်းပရဟိတဆရာတော်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

သင်တန်းသို့ သင်တန်းသား၊သင်တန်းသူ (၁၀၀)ဦးတက်ရောက်ခဲ့ပြီး ၂၁-၄-၂၀၂၂ မှ ၂၁- ၆ -၂၀၂၂ ရက်နေ့အထိ (၂) လတာ ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်ဝေးမှလာရောက်သည့် သင်တန်းသား၊သင်တန်းသူများအား နေရေးထိုင်ရေး၊ စားသောက်ရေးကိစ္စများကိုပါ စီစဉ် ဆောင်ရွက်ထားရှိပေးထားကြောင့် သဖန်းကိုင်း ပရဟိတ ဆရာတော်ထံမှ သိရသည်။

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)