“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဖလား အမျိုးသမီး (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဖလား အမျိုးသမီး (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ





MNP - ဧပြီ   ၂၆

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဖလား အမျိုးသမီး(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီက ဟိုပန်မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက အမျိုးသမီး (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ဘောလုံးအဆင့်အတန်း တိုးတက်မြှင့်မားစေရန်၊ အနာဂတ်မျိုးဆက်သစ် လူငယ်များ ချစ်ခင်ရင်းနှီးပြီး စည်းလုံးညီညွှတ်မှုရှိကာ ပူးပေါင်းပါဝင်ဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိကြစေရန်နှင့် ကျန်းမာကြံ့ခိုင်သော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်တို့ကို ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီး (အလွတ်တန်း) ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းများမှ အားကစားအဓိဌာန် သံပြိုင်ရွတ်ဆိုခဲ့ကြသည်။

ဆက်လက်၍  တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့သည် ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြိုင်ပွဲကို စတင်ခဲ့ရာ အုပ်စု(က)မှ သံလွင်စတား အသင်းနှင့် ကာလာဖူအသင်းတို့က ယှဉ်ပြိုင် ကစားခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ဟိုပန်မြို့နယ်နှင့် ကွမ်းလုံမြို့နယ်တို့မှ လူငယ်အမျိုးသမီး ဘောလုံးအသင်း(၆)သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း  သိရှိရသည်။

သတင်း - ဇင်ဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)