သီပေါမြို့နယ်တွင် မဟာသင်္ကြန်ကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် မဟာသင်္ကြန်ကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

 


MNP -  ဧပြီ   ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများနှင့်မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ မဟာသင်္ကြန်ကာလအတွင်း ဆောင်ရွက်မည့်ကိစ္စများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက မဟာသင်္ကြန်ကာလအတွင်း လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော သက်ကြီးဘိုးဘွားကန်တော့ခြင်းများ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းများအား အစဉ်အလာမပျက် ဆောင်ရွက်မည့်ကိစ္စများအား ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးက လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ အဖွဲ့ဝင်(၁)မှ သက်ကြီးဘိုးဘွားများအားကန်တော့ခြင်း၊ လှူဒါန်းခြင်းအစီအစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝေဇင်ထွဋ်က မြို့နယ်အတွင်း အန္တရာယ်ကင်းရှင်းစေရန်အတွက် အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ခြင်း အစီအစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဆွတ်လန်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ  မဟာသင်္ကြန်ကာလအတွင်း ဖွင့်လှစ်မည့် ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ ဆွတ်လန်းကျေးရွာ စားသောက်ဆိုင်များတွင် ပြည်သူများမြစ်ကမ်းအနီးနှင့် မြစ်ကမ်းဘေးတို့တွင် ရေကစားရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)