ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာ ကျောင်းသား၊ ကျောင်းသူ ၄၆၀ ဦးဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာ ကျောင်းသား၊ ကျောင်းသူ ၄၆၀ ဦးဖြေဆို






MNP ၊ ဧပြီ ၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာ ကျောင်းသား၊ ကျောင်းသူ ၄၆၀ဦးဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဂွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန သုံးခုဖွင့်လှစ်ထားကြောင်း၊ စာမေးပွဲဖြေဆိုရန်ဝင်ခွင့်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ (၅၀၉)ဦးဖြစ်ကြောင်း၊ ယနေ့ ရူပဗေဒဘာသာဖြေဆိုသူ ကျောင်းသား/ကျောင်းသူ(၄၆၀)ဦး၊   ပျက်ကွက် ကျောင်းသား/ကျောင်းသူ(၄၉)ဦး၊ ဖြေဆိုသည့်ရာခိုင်နှုန်း(၉၀.၃၇)ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကြီးကြပ်ပြီး၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍  လုံခြုံရေးဆောင်ရွက်ပေးကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)