ငါန်းဇွန်မြို့၌ လျှပ်စစ်အန္တရာယ်သတိပေးစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့၌ လျှပ်စစ်အန္တရာယ်သတိပေးစာစောင်များ ဖြန့်ဝေ



MNP -   ဧပြီ   ၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့၌ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက ယနေ့နံနက် ၇နာရီအချိန်က မြို့မစည်ပင်သာယာဈေးအတွင်း ဈေးရောင်းဈေးဝယ်နှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအား လျှပ်စစ်အန္တရာယ် သတိပေးစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လျှပ်စစ်အန္တရာယ်သတိပေးစာစောင်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် သတိပြုရမည့်အချက်များ၊ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် သတိထားဆောင်ရွက်ရမည့်အချက်များ၊ မိသားစု လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရန်/ ရှောင်ရန် သတိပေးချက်များ၊ အဆောက်အဦးများ ဆောက်လုပ်ရာတွင် သတိပြုလိုက်နာရမည့်အချက်များ၊ ဓာတ်လိုက်ခံရသူအား ရှေးဦးသူနာပြု စုနည်းနှင့် ဆက်သွယ်သတင်းပို့နိုင်သော ဖုန်းနံပါတ်များပါရှိပြီး ပြည်သူများဖတ်ရှုလေ့လာ သိရှိစေရန် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးညီညီဝင်းနှင့်ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်သတိပေးစာစောင် အစောင်ရေ(၃၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

သတင်း - သက်နောင်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)