စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နှင့် အိုးဘိုတောင် ရပ်ကွက်များရှိ နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းပြီးစီးမှုနှင့် ကန်သာယာကျွန်းပတ်လည် သာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နှင့် အိုးဘိုတောင် ရပ်ကွက်များရှိ နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းပြီးစီးမှုနှင့် ကန်သာယာကျွန်းပတ်လည် သာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

 

20

19

18

MNP - ဧပြီ    ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အနီးဝန်းကျင်ရှိ မြို့သစ်ရပ်ကွက်နှင့် အိုးဘိုတောင်ရပ်ကွက်တို့ရှိ ရပ်ကွက်အတွင်းရှိလမ်းများ သန့်ရှင်းသာယာရေးနှင့် ရပ်ကွက်နေ ပြည်သူများ သွားလာရေး အဆင်ပြေစေရန်၊ မြို့အင်္ဂါရပ်နှင့်အညီ အဆင့်တန်းရှိစွာ နေထိုင်နိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ စိန်ပန်းနီလမ်း၊ အရှည်-၉၉၀ ပေအား၊ အကျယ်-၁၈ ပေအား နိုင်လွန်ကတ္တရာ ၃ လက်မခွဲထု ခင်းကျင်း ပြီးစီးမှုနှင့် အမှတ်(၁၀)လမ်း အရှည်-၂၁၅၀ ပေ၊ အကျယ် - ၁၆ ပေ ကတ္တရာလမ်း ခင်းကျင်းနေမှုများအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကတ္တရာလမ်း ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်နေပြည်သူများနှင့် စည်ပင်သာယာရေး အဖွဲ့များ စုပေါင်း၍ လမ်းဘေးဝဲယာ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး အတွက်  သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ဘေးရှိ ကမ်းနားလမ်း၊ မြို့သစ်ရပ်ကွက်၊  စိန်ပန်းပြာလမ်းမှ ကွေ့ကြီးရပ်ကွက် ပင်စင်အထိ  အရှည် - ၅၆၅၀ ပေ၊ အကျယ် - ၂၂ ပေ နိုင်လွန်ကတ္တရာ ၃ လက်မခွဲထု ခင်းကျင်း နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန်သာယာကျွန်း မြောက်ဘက်ပတ်လမ်း အရှည် ၂၉၀၀ ပေ၊ အကျယ်  ၁၈ ပေ၊ ၃ လက်မထုရှိ နိုင်လွန်ကတ္တရာ လမ်းခင်းကျင်းနေမှုအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိုင်လွန် ကတ္တရာလမ်း ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန်သာယာရာပြည့် ဘုရားကျွန်းပတ်လည် မြေထိန်းကျောက်ထုတ်လောင်းခြင်း တည်ဆောက်ရေး ရှင်းလင်းဆောင် သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရာပြည့်ဘုရားကျွန်း ပတ်လည် ၂၃၀၀ ပေနှင့် ပြည်ထောင်စုကျွန်းပတ်လည် ၂၂၅၀ ပေ မြေထိန်းကျောက်ထုတ်လောင်းခြင်း လုပ်ငန်းများနှင့် ရာပြည့်ဘုရားရင်ပြင်တော် နေပူခံကျောက် ပြားများ ခင်းကျင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ကောင်းမွန်စေရေး တို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ မြေထိန်းကျောက်ထုတ် လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages