လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်





MNP - ဧပြီ   ၂၈


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန၊ သင်တန်းခန်းမ၌ ယနေ့နံနက် (၈)နာရီအချိန်က ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ကြောင်း သိရသည်။


 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စာရင်းစစ်ရုံးတို့ ပူးပေါင်း၍ ယခုသင်တန်းအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနား၌ လားရှိုးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ရာ လားရှိုးခရိုင်အတွင်းရှိ ခရိုင်ရုံးနှင့် မြို့နယ်ရုံးဝန်ထမ်းများ၏ အရည်အသွေးတိုးတက်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေး အတွက် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ပို့ချခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါငွေစာရင်းထိန်းသိမ်းနည်းသင်တန်းတွင် ဒေါ်ညိုညိုလှိုင် (ဦးစီးအရာရှိ) ခရိုင်စာရင်းစစ်ရုံးက ဘဏ္ဍာရေးကျင့်စဉ်နှင့် ငွေထုတ်သူအရာရှိများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဌာနဆိုင်ရာ အခြေခံငွေစာရင်း ထိန်းသိမ်းနည်း နည်းလမ်းများ (ဌစ-ရေးဆွဲခြင်း)နှင့် ဒေါ်ကေသွယ်ဟန် (လက်ထောက်ညွှန်ကြားရေးမှူး)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးကငွေစာရင်း ခေါင်းစဉ်များ မှန်ကန်စွာကျခံသုံးစွဲရေး၊ ချက်လက်မှတ်လုပ်ငန်း၊ ငွေစာရင်းလချုပ်ရေးဆွဲခြင်းများကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်အတွင်းရှိ လားရှိုး၊ တန့်ယန်း၊ သိန္နီ၊ ကွမ်းလုံ၊ မိုင်းရယ်မြို့နယ်များမှ အရာထမ်း၊ အမှုထမ်း(၁၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ(၂၈)ရက်နေ့မှ ဧပြီ(၃၀)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - ဟန်ဌေး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)