သင်္ကြန်ပွဲတော်ကာလအတွင်း ချောက်မြို့နယ် ယာဉ်လိုင်းများခေတ္တပိတ်ထားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ကြန်ပွဲတော်ကာလအတွင်း ချောက်မြို့နယ် ယာဉ်လိုင်းများခေတ္တပိတ်ထားမည်



MNP - ဧပြီ    ၅

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် သင်္ကြန်ပွဲတော်ကာလအတွင်း မြို့ပြင်ယာဉ်လိုင်း များ ဧပြီ ၁၃ ရက်နေ့မှ ဧပြီ ၁၇ ရက်နေ့ထိ ၅ ရက်တာ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်းချောက်မြို့နယ် ယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှအောင်ရွှေထံမှ သိရသည်။

ချောက်မြို့ စုပေါင်းမော်တော်ယာဉ်စခန်းဝင်းမှ ချောက်မြို့ပြင် ခရီးသည်ပို့ဆောင်ပေးလျက်ရှိသော ယာဉ်လိုင်းပေါင်း (၂၁) လိုင်းရှိပြီးယာဉ်အစီးရေ (၆၁) စီးရှိရာ ခရီးသည်များ သွားလာမှု အဆင်ပြေစေရေးအတွက် ဧပြီ ၁၂ ရက်နေ့ထိ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ပွဲတော်ကာလမတိုင်မီ သွားလာသော ခရီးသည်များအား ယာဉ်စီးခများတိုးမြှင့်ကောက်ခံခြင်းမရှိဘဲ ယာဉ်လိုင်းများပြေးဆွဲပေးလျက်ရှိကြောင်း၊  သင်္ကြန်ပွဲတော်ကာလ ဧပြီ ၁၃ ရက်နေ့မှ ဧပြီ ၁၇ ရက်နေ့ထိ ၅ ရက်တာခေတ္တပိတ်ထားမည်ဖြစ်ကြောင်း၊ ယခင်နှစ်များကလည်း မြို့နယ်ယာဉ်လုပ်ငန်းကြီးကြပ်ရေး ကော်မတီလက်အောက်ရှိ ယာဉ်လိုင်းများအနေဖြင့် သင်္ကြန်ပွဲတော်ကာလ ယာဉ်လိုင်းရပ်နားခြင်းများကို နှစ်စဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ဧပြီ ၁၈ ရက်နေ့တွင် ယာဉ်လိုင်းများ ပြန်လည်ဖွင့်လှစ်ပြေးဆွဲ၍ ခရီးသွားပြည်သူများ စိတ်ချမ်းသာမှုရှိစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်မိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)