၇၆ နှစ်မြောက် မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် သောက်သုံးရေများ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၇၆ နှစ်မြောက် မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် သောက်သုံးရေများ လှူဒါန်း



MNP -  ဧပြီ    ၃၀

‌မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်အတွင်းရှိ သောက်သုံးရေရှားပါးလျက်ရှိသော ကျေးရွာများဖြစ်သည့် ကွမ်းဖလားကျေးရွာ၊ ဘုန်းတော်ကျေးရွာ၊ ပနီတွင်းကျေးရွာ၊ ကစောင်းကျေးရွာနှင့် ဘုန်တော်ကြီးကျောင်းများအား ယနေ့နံနက်၈နာရီအချိန်မှ စတင်ကာ သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက်မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ ပုဂံနယ်မြေမီးသတ်စခန်းမှ ဂါလံ ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ ဂါလံ ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ယာဉ် ၁ စီးတို့ဖြင့် သန္ဓေတပ်ဖွဲ့ဝင်များ အမှတ် ၅ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ၇ ရက်သားသမီး အလှူရှင်များစုပေါင်း၍ သောက်သုံးရေများ ပေးဝေ လှူဒါန်း ခဲ့ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာတွင် ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေမီးသတ်စခန်းမှ ရေဂါလံ ၁၆၀၀ ဆံ့ မီးသတ်ရေသယ် ၁ စီး၊ တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ ရေဂါလံ ၁၆၀၀ ဆံ့မီးသတ်ရေသယ်ယာဉ် ၁ စီး၊ အမှတ် ၅ အရန်မီးသတ်မှ လူမှုကူညီရေးယာဉ် ၁ စီးတို့ဖြင့် ကွမ်းဖလား ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရေဂါလံ ၁၆၀၀၊ ကွမ်းဖလားကျေးရွာပြည်သူများအတွက် ရေဂါလံ ၃၂၀၀၊ ပနီတွင်းကျေးရွာ ပြည်သူများအတွက် ရေဂါလံ ၃၂၀၀၊ ကစောင်းကျေးရွာ ပြည်သူများ အတွက် ရေဂါလံ ၃၂၀၀၊ ဘုန်းတော်ကျေးရွာနေ ပြည်သူများအတွက် ရေဂါလံ ၃၂၀၀ဖြင့် စုစုပေါင်း ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ ကျေးရွာ ၄ ရွာအတွက် ရေဂါလံ ( ၁၄၄၀၀ )အား အညီအမျှ ခွဲဝေ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေရှားပါးမှုပြဿနာများ ဖြစ်ပေါ်လာပါက ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန ရုံးဂျူတီဖုန်းနံပါတ် ၀၆၁ ၂၄၆၀၁၉၁ သို့ အချိန်မရွေး ဆက်သွယ် အကူအညီတောင်းခံနိူင်ပြီး ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူတို့၏ သောက်သုံး ရေခက်ခဲမှုများအတွက် နှစ်စဉ်လှူဒါန်းကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)