ထားဝယ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ






MNP - ဧပြီ   ၂၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ မွန်းလွဲပိုင်း က ထားဝယ်မြို့ ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနရုံးအစည်း အဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင် က  တိုင်းဒေသကြီးပြေးခုန်ပစ်အား ကစားအဆင့် အတန်းမြင့်မားရေး၊ လေ့ကျင့်အားပြည့်ဝ၍ ခံနိုင်ရည်ရှိသောပြေးခုန်ပစ် အားကစားသမားများဖြစ်လာရေး၊ စည်းကမ်းရှိ၍ အောင်မြင်သော ပြေးခုန်ပစ်အားကစား သမားများဖြစ်လာရေး စသည့် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံဆိုင်ရာများပြေးခုန်ပစ် အားကစားနည်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးဟောပြောသည်။

ဟောပြောပွဲတွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူ  က လူငယ်များဘက်စုံ ဖွံ့ဖြိုးရေးအစီ အစဉ်အဖြစ်  “ လူငယ်နှင့် အနာဂတ်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “ လူငယ်မောင်မယ် များ အနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုး အကျိုးအတွက် သယ်ပိုးထမ်းရွက် လာကြရမည်ဖြစ်ပြီး ယခုအရွယ်မှစ၍ ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်ရှည် ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ အသိပညာ ဗဟုသုတရရှိစေရန် စာပေများကို (Online Media)မှာပဲ ဖြစ်ဖြစ်၊ (Printed Media) ပုံနှိပ်မီဒီယာမှာပဲ ဖြစ်ဖြစ် တတ်နိုင်သ၍ စာပေဖတ်ရှုလေ့လာကြစေလိုကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များ တွင်ရှိသော ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာ ဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ် စာစောင်များကိုအခမဲ့ ဖတ်ရှုငှားရမ်းနိုင် ကြောင်း၊ လူငယ်များ စာပေဗဟုသုတ အသိများ ရရှိရန်လိုကြောင်း၊ စာပေအသိနှင့် လက်တွေ့ဖြတ်သန်းရသည့် ဘဝအသိတို့ ပေါင်းစပ်ပြီး စဉ်းစား တွေးခေါ် ဆုံးဖြတ်နိုင်စွမ်းရှိရန် လိုကြောင်း၊  အမှားအမှန် ဝေဖန်ပိုင်းခြားတတ်ရမည်ဖြစ်ကြောင်း၊ လမ်းမှားကို မလိုက်မိစေဖို့ သတိထားရမှာဖြစ်ကြောင်း၊ ယခု အားကစားသမားများအနေဖြင့် (Physical)လို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင် ဖွံ့ဖြိုးအောင် လေ့ကျင့်ပျိုးထောင်‌နေသလို (Mental) လို့ခေါ်တဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာဖွံ့ဖြိုး တိုးတက်အောင်လည်း လေ့လာ သင်ယူပြီး စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်စွမ်းရှိအောင်‌ စာပေများကို ဖတ်မှတ်လေ့လာ သင်ယူ‌နေရမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနထားဝယ်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စံပယ်သွင်က လူငယ်များအနေဖြင့် ကျောင်းပညာရေး အပြင်အား ကစားကဏ္ဍ အထူးလေ့လာလိုက် စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သောအား ကစားသမားကောင်း များဖြစ်လာမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာကဏ္ဍ နှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ရှင်းလင်း ဟောပြောခဲ့ကြောင်းသတင်းရရှိသည်။

သတင်း - ရွှေပင်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)