ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်မှု ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်မှု ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီး


MNP ၊ ဧပြီ ၆

ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်မှု ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ဧပြီ ၆ ရက် နံနက် ၉ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည့် ပြည်နယ်အဆင့်ပန်းခင်းစီမံချက်အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရှိရသည်။

အဆိုပါအစည်းအဝေးတွင် ပြည်နယ်အဆင့် ပန်းခင်းစီမံချက်အကောင်အထည်ဖော်ရေးဆိုင်ရာ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့မှ စတင်၍ ယနေ့အထိ ဆောင်ရွက်ပေးရမည့် လူဦးရေစုစုပေါင်း (၂၀၁၃၆၆)ဦး အနက် (၁၆၂၃၃၆)ဦးကို ထုတ်ပေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် (၈၀.၆၂)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ကျန်ရှိသည့် (၃၉၀၃၀)ဦးအတွက်ကိုလည်း စီမံချက်သတ်မှတ် ကာလအမီ အမြန်ဆုံးစိစစ်ထုတ်ပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန် ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက်ပြည်နယ်အဆင့်ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အလိုက် ကွင်းဆင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ပြီးစီးထားသည့် အိမ်ထောင်စု၊ လူဦးရေစာရင်းဖြင့် ဆက်စပ်ဌာန ဆိုင်ရာများနှင့် တိုက်ဆိုင်စစ်ဆေးပြီးစီးမှု၊ ကွန်ပျူတာစနစ်ဖြင့် ကိန်းဂဏန်းအချက်အလက် ဆိုင်ရာများ စာရင်းသွင်းဆောင် ရွက်နေမှု၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် စာရင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်နေမှု၊ ကျန်ရှိသည့် မြို့နယ်များအလိုက် မြေပြင်နှင့်တိုက်ဆိုင် စိစစ်ဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးရန် ကိစ္စရပ်များကို Power Point ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။

တင်ပြရှင်းလင်းမှုများအပေါ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် မြတ်သူစိုး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များက ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ သုံးသပ်တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်း စီမံချက်အား သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)