ညောင်ဦးမြို့နယ် မြို့မတောင်ကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုကို ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် မြို့မတောင်ကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုကို ထောက်ပံ့ငွေပေးအပ်



MNP - ဧပြီ   ၂၈

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုအား ထောက်ပံ့ပေးအပ်ခြင်းကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးရုံးခန်းတွင် ဧပြီ ၂၈ ရက်၊ နံနက် ၉နာရီ အချိန်က ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုအား ထောက်ပံ့ပေးအပ်ခြင်းသည် ဧပြီ ၁၃ရက် နေ့က ညောင်ဦးမြို့နယ် စဉ့်ကူးကျေးရွာအုပ်စု၊ မြို့မတောင်ကျေးရွာမီးဘေးသင့်အိမ်ထောင်စု (၁)စု၊ မိသားစုဝင်(၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၁၂၆၀၀)ကျပ် ၊အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ်နှင့် (၄၆၃၆၄)ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ အိမ်ထောင်စုတစ်စုစာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများမှ ပေးအပ်ရာ မီးဘေးသင့်အိမ်ထောင်စုဝင်တစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)