ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မောင်တောမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မောင်တောမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်












MNP ၊ ဧပြီ  ၃၀

ရခိုင်ပြည်နယ်၊မောင်တောခရိုင် ၊ မောင်တောမြို့သို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း သည် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် ထင်လတ်ဦး ၊ပြည်နယ် ဝန်ကြီးများ ၊ပြည်နယ် ဉပဒေချုပ် ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး တို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မောင်တောမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ 

ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်   ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအုပ်စု၊ ကြံတိုင်းအောင် ကျေးရွာသို့ သွားရောက်ပြီး  ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကား ပြောကြားခဲ့သည်။  

ထို့နောက် အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများက ကျေးရွာအတွင်းလိုအပ်လျက်ရှိသော ကျောင်းသား/သူ များ ပညာသင်ကြားနိုင်ရေး ၊  ဘုန်းတော်ကြီး ကျောင်းတည်ဆောက်ပေးနိုင်ရေးကိစ္စ၊ ရွာအတွင်းရှိ ရေကန်တွင်  သောက် သုံး ရေးကောင်းမွန်စွာရရှနိုင်ရေးအတွက် ရေ ကန်အား ဘောင်ဆည် ပေးစေလိုကြောင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောက်ပန္ဒူကျေးရွာရှိ  တိုက်ပွဲရှောင် မြိုတိုင်းရင်းသား ပြောင်းရွေ့နေထိုင်လာကြသော အိမ်ထောင်စု ၅၄ စုအား  သွားရောက်တွေ့ဆုံရာ ကျေးရွာသူ/သားများက ရွာအတွင်း လိုအပ်လျက်ရှိသော ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းတည်ဘ ဆောက်ပေးစေလိုပါကြောင်း၊ ရေရရှိစေရေး အတွက် ယခင် အဝီစိ(၄)တွင်းတူးပြီး ဆောင်ရွက်ခဲ့ရာ  ရေမလုံလောက်သည့်အတွက် ထပ်၍ လိုအပ်ပါကြောင်း တင်ပြကြရာ  ဝန်ကြီးချုပ်နှင့် တိုင်းမှူးလိုအပ်ချက်များ ဖြည့်စည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ ပြည်နယ်ဦးစီးမှူးများ နှင့် ပေါင်းစပ်ဆောင် ရွက်ပေးခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း၊ ပြောင်းရွေ့စရိတ်များပေးအပ်ခြင်း နှင့် နေအိမ် ဆောက်လုပ်နေမှု ၊ အဝီစိတွင်းနက် တူးဖော် ဆောက်ရွက်နေမှု အခြေအနေများအား လှည့်လည် ကြည့်ရှု ခဲ့ကြသည်။ 

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည်   အလယ်သံကျော်ကမ်းခြေသို့ သွားရောက်ကြည့်ရှုပြီး  ထိုမှတဆင့်  မောင်တော (ကညင်တန်း)- အလယ်သံကျော်-အငူမော်လမ်း ၁ မိုင် ၄ ဖာလုံ ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်း ဆောက်ရွက်ပြီးစီးမှု  အခြေအနေများအား သွားရောက် စစ်ဆေးကြရာ လုပ်ငန်းခွင် ယာယီရှင်းလင်းဆောင်တွင် ခရိုင်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများအား  တင်ပြခဲ့ကြပြီး  ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။  

ယင်းနောက် လှဖိုခေါင် ယာယီနေရာချထားရေးစခန်းသို့ သွားရောက်ခဲ့ကြရာ   စခန်းအတွင်းရှိ ရှင်းလင်း ဆောင်တွင် စခန်းတာဝန်ခံမှ  လှဖိုခေါင်ယာယီနေရာချထားရေးစခန်း ရ ABH အလုံး ၁၀၀ တင်ဆင်နေမှု အခြေအနေ ၊ တစ်ဘက်နိုင်ငံမှ နေရပ်စွန့်ခွာပြည်သူများ ပြန်လည်ဝင်ရောက်လာပါက  ဆောက်ရွက်ပေးမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး  ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကာ စခန်းအတွင်းရှိ ဌာနဆိုင်ရာများနှင့် တပ်ဖွဲ့ဝင်များအား  စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ကာ  စခန်းအတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူး နှင့်အဖွဲ့သည် ခရေမြိုင် ကျေးရွာရှိ  အေးချမ်းအောင်မြင် ဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီအား ဖူးမျှော်ကြည်ညိုကာ ဆီမီးပန်းများ ကပ်လှူ ပူဇော်ပြီး ကျေးရွာရှိ ကျောင်းထိုင်ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး ၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)