ကျောက်မဲမြို့တွင် ၂၀၂၂ ခုနှစ်အစိုးရပါဠိပထမပြန် စာမေးပွဲကို မေလ ၇ ရက်နေ့မှစ၍ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့တွင် ၂၀၂၂ ခုနှစ်အစိုးရပါဠိပထမပြန် စာမေးပွဲကို မေလ ၇ ရက်နေ့မှစ၍ ကျင်းပ



MNP - ဧပြီ    ၂၂


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ အောင်ဆုပန်ကျောင်းတိုက်၌ ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က ကျောက်မဲမြို့နယ် သံဃာ့နာယက ဆရာတော်များ၊ ခရိုင်သာသနာဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်စီမံအုပ်ချုပ်မှုအဖွဲ့ဝင်များ တက်ရောက်ပြီး ၂၀၂၂ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ‌အမှတ် ၂ ရပ်ကွက်ရှိ အ-မ-က ၈ ကျောင်းအတွင်း  မေလ ၇ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ယင်း ပါဠိပထမပြန် စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုရန် ကျောက်မဲမြို့နယ်ရှိ ကျောင်းတိုက် ၁၈ တိုက်မှ သံဃာတော်ပေါင်း ၁၈၅ ပါးရှိကြောင်း ခရိုင်သာသနာရေးဦးစီးဌာနမှသိရသည်။


ထို့အပြင် ၂၀၂၁ ခုနှစ်  အစိုးရ ပါဠိပထမပြန် စာမေးပွဲတွင်အောင်မြင်ခဲ့သည့် စာအောင်သံဃာတော် ၃၁ ပါးနှင့် ဓမ္မာစရိယအောင် သံဃာတော် ၃ ပါးတို့အား စာအောင်လက်မှတ်များနှင့် ဘွဲ့တံဆိပ်‌တော်များ ဆက်ကပ်လှူဒါန်းမည့် စူဠဘွဲ့နှင်းသဘင်ကိုလည်း မေ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဈေးဓမ္မာရုံအတွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မိုင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)