MNP ၊ ဧပြီ ၂၉
ယမန်နေ့ နေ့လယ်ပိုင်က နီပေါလ်နိုင်ငံသမ္မတကြီးမှ သီတဂူဆရာတော်ကြီးကို လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နီပေါလ်နိုင်ငံသမ္မတကြီးက ဆရာတော်ကြီးနီပေါလ်နိုင်ငံသို့ ကြွရောက်တော်မူလာခြင်းကို ဝမ်းသာအားရ လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ လုမ္ဗိနီဥယျာဉ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုးရိမ်ပူပန်မှု၊ ပံ့ပိုးကူညီမှု၊ နှစ်ပေါင်းများစွာ စီမံကိန်းများစွာကို စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးခဲ့သည့် ဆရာတော်ကြီးဘုရားကြီးကို ကျေးဇူးအထူးရှိပါကြောင်း ပြောကြားခဲ့သည်။
နီပေါလ်လူမျိုးတွေ လုမ္ဗိနီကို အမျိုးသားအမွေအနှစ်အဖြစ် ထားရှိရတာ ကံကောင်းကြောင်း၊ ဒီအမျိုးသားအမွေအနှစ်ကို ပြန်လည်အသက်သွင်း ထိန်းသိမ်းဖို့ ထူးခြားတဲ့ အခွင့်အရေးကို ရရှိခဲ့တာ ကံကောင်းကြောင်း ဆရာတော်ကြီးမှမိန့်ကြားခဲ့ပြီး Lumbini ဟာ ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံးသော နေရာဖြစ်ကြောင်း၊ အမြင့်မြတ်ဆုံးလူသားရဲ့ မွေးရပ်မြေဖြစ်တယ် - Buddha တရားကိုပဲဟောပြောပေးခဲ့တာ လေးဆယ့်ငါးနှစ်ဖြစ်ကြောင်း၊ ဒီတရားဟာ နီပေါလ်နိုင်ငံရဲ့ အမျိုးသားအမွေအနှစ်ဖြစ်သလို ကမ္ဘာ့အမွေအနှစ်ဖြစ်ကြောင်း၊ ဆရာတော်ကြီးသည် ယခင်က ဗုဒ္ဓရုပ်ပွားတော် အဆူသုံးဆယ်ကို သမ္မတကြီးထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဗုဒ္ဓရုပ်ပွါးတော်များ အမြဲတည်ထားမယ့် လုမ္ဗိနီပြတိုက်ဖြစ်သော ဗုဒ္ဓဝိဟာရ ပြတိုက်တည်ဆောက်ရေး အတွက် အလှူငွေ အမေရိကန်ဒေါ်လာတစ်သောင်း ကို သီတဂူဆရာတော်ဘုရားကြီးမှ လှူဒါန်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment