မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးသို့တက်ရောက်



MNP - ဧပြီ    ၂၆

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မကွေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က  နိုင်ငံတော်အနေဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ ကဏ္ဍစုံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးမှုတွေရရှိနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့် ရင်းနှီးမြှုပ်နှံမှု ကော်မတီများအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်ခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေး ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရ ကြောင်း၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရန်နှင့် လွယ်ကူချောမွေ့ စေရန်အတွက် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဦးတည်လုပ်ဆောင်ထားသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နှင့် လွယ်ကူချောမွေ့စေရေး အစီအစဉ်များ ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး အစီအစဉ် များကို အသုံးပြုခြင်းအားဖြင့် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား ချိတ်ဆက်မှုပိုမို အားကောင်းစေပြီး စီးပွားရေးရပ်ဝန်းအတွက် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ဌာနများက ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်မျာနှင့် ပတ်သက်၍ ပိုမိုတိုးတက် ခေတ်မီသည့် အီလက်ထရောနစ်အခြေပြု စနစ်ကောင်းများကို ဖော်ထုတ်ဆောင်ရွက်ခြင်းနှင့် အတူ  e-government စနစ်ကို အောင်မြင်အောင် အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်း ဝန်ဆောင်မှု ပေးခဲ့သည့်လုပ်ငန်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော Unboxing Investment Facilitation Toolkit 2022 ၏ အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှုစနစ် (DICA Online Solution - DOSo) စနစ်၊ တစ်နေရာတည်း အလုံးစုံ ဝန်ဆောင်မှု ပေးသည့်အဖွဲ့ (One Stop Service)၏ စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ (Standard Operation Procedures)၊ Cost of Doing Business in Myanmar Survey Report 2022 နှင့် DICA info Android Mobile Application တို့ကို တက်ရောက်လာသူများအား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး(ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

သတင်း - မောင်ညီညာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)