ဗန်းမော်မြို့တွင် အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်




MNP -  ဧပြီ   ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ရှေးဦးသူနာပြုစုနည်း အတတ် ပညာကို လေ့လာတတ်မြောက်နိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲကျင်းပရာ ဗန်းမော်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းက အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းနှင့် ပတ်သက်၍ လိုက်နာရမည့် အချက်များကို ရှင်းလင်း ပြောကြားပြီး ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းတွင် ဗန်းမော်မြို့ရှိ အခြေခံပညာ အထက်တန်း ကျောင်းတို့မှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက သင်သန်သား သင်တန်းသူ (၂၃)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ဗန်းမော်ခရိုင်နှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့မှ သင်တန်းနည်းပြများဖြစ်သည့် ဦးစိုးမိုးအောင် (ဦးစီးမှူး-တတိယတန်း)၊ မြို့နယ်တပ်ဖွဲ့မှူး ဦးစိုးထိုက်ဦး၊ ဦးအောင်မိုးထွေး(တပ်ခွဲမှူး)၊ ဦးလှထွန်းအေး(ဒုတပ်ဖွဲ့မှူး)နှင့် ဒေါ်ပိုးအိစံ(ဒုတပ်ခွဲမှူး) တို့က အခြေခံရှေးဦးသူနာပြုစု နည်းသင်တန်းနှင့် ပတ်သက်၍ စာတွေ့လက်တွေ့များကို ဧပြီ (၂၅)ရက်နေ့မှ ၂၇ ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းကို ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်မြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ ပူးပေါင်း၍ သင်တန်းဖွင့်လှစ် ပေးကာ သင်တန်းနောက်နေ့တွင် သင်တန်းစစ်ဆေးချက်ဆောင်ရွက်ပြီး ဆုရရှိသူများကို ဆုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကိန်းဖြူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)