ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ရပ်ကွက်များအရောက် လည့်လည်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ရပ်ကွက်များအရောက် လည့်လည်ထိုးနှံပေး




MNP - ဧပြီ    ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၈ နာရီမှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့်  ပြည်သူများအား ရပ်ကွက်များအရောက် ကျန်းမာရေးဝန်ထမ်းများက လှည့်လည်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရ သေးသည့် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးခြင်း ကို ဧပြီ ၅ ရက်နေ့တွင် မြို့နယ်အတွင်း ရပ်ကွက်များအရောက် ကာကွယ်ဆေး လှည့်လည်ထိုးနှံပေးရာ (၄၁)တိုးချဲ့ရပ်ကွက်အတွင်းရှိ ပြည်သူ(၁၆၁)ဦး၊ (၄၂)ရပ်ကွက်အတွင်းရှိ ပြည်သူ(၁၃၂)ဦး၊ ဆေးထိုးစုရပ်တွင်ထိုးနှံသူ(၃၂)ဦးနှင့် တတိယအကြိမ်ထိုးနှံသူ(၁၀၂)ဦးတို့အား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - မြင့်မြင့်ရီ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)